Sunday, November 30, 2008

ဘီယာလှည်း

ပြီးခဲ့တဲ့ သြဂုတ်လထဲ ကျနော် ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ထဲ လှည့်ပတ်ကြည့်နေတုံး လူတွေကြားထဲ လှည်းကြီးတစီး မောင်းဝင်လာတာကို တွေ့တာနဲ့ လက်ထဲက ဗီဒီယိုကင်မရာနဲ့ ရိုက်ယူထားလိုက် ပါတယ်။ လှည်းရွေ့လျားဖို့အတွက် ထိုင်နေသူတွေက စက်ဘီးနင်းသလို နင်းနေကြပြီး လှည်းမှာ လည်း Bier Bike လို့ ဂျာမန်လို ရေးထားတော့ ကျနော့်စိတ်ထဲမယ် ဒါ… ဘီယာကုမ္မဏီတခုက အရောင်းမြှင့်တင်ရေး အတွက် စတန့်ထွင် ကြော်ငြာတာလို့ပဲ ထင်မိခဲ့ပါတယ်။
ပြီးခဲ့တဲ့ လထဲ အာအက်ဖ်အေက ဦးခင်မောင်စိုးတယောက် ဆရာဦးဝင်းတင်ဆုရတဲ့ပွဲ သတင်းယူဖို့ ဂျာမနီကို ရောက်လာရင်း ကိုလုံးမြို့ကို ရောက်တော့ သူလည်း ကျနော့်လိုပဲ ဘီယာလှည်းကို တွေ့ပါတယ်တဲ့။ အဲဒီအကြောင်းကို အာအက်ဖ်အေမှာ အသံလွှင့်တာ ကျနော် နားထောင်တော့မှ ကိုလုံးမြို့မှာနေတဲ့ ကိုအောင်သန်းဦး ရှင်းပြပုံအရ ကျနော်ထင်တာနဲ့ လွှဲနေတယ်ဆိုတာ သိရပါတယ်။ သူပြောတာက ဘီယာကုမ္မဏီက ကြော်ငြာတာမဟုတ် လူငယ်တွေ ဘီယာကို ဆိုင်မှာ ထိုင်သောက်တာထက် တခါတလေမှာ အသစ်အဆန်းဖြစ်အောင် လှည်းငှားပြီး လှည်းပေါ်မှာစက်ဘီးနင်းသလို နင်းပြီး ဘီယာသောက်ကြတာပါတဲ့။
ကဲ.. ဘယ်သူတွေ ပွဲခံပြီး ဘီယာကို လှည်းနဲ့ လိုက်သောက်နေသလဲဆိုတာကြည့်ရအောင် youtube မှာ တင်ထားပေးပါတယ် ခင်ဗျာ…

3 comments:

ကိုအောင် said...

ဘီယာ အလကားလိုက်တိုက်တဲ့ လှည်းများတွေ့ရင်
ကျနော်အိမ်ကို လမ်းညွှန်းလိုက်ပါ အကိုရေ။

Anonymous said...

ဥရောပ ရောက်ဖြစ်ယင်တော့ ကသက်ဦး အညွန်းကောင်းလို့ လိုက်သောက်ဦးမှ၊ နို့ ..ကျနော်တို့ မြို့မှာလဲ ဘီယာပွဲတော် ရှိသဗျ၊ ကြုံမှရေးဦးမယ်။

သစ်နက်ဆူး said...

ကိုသက်ရေ
ဒါပထမဆုံးကြားဘူးတွေ့ ဘူးတာဘဲ...
ခြေကန်ချက်ပြင်းပြင်းနဲ့  ပျူနိုင်ငံဘက်ရောက်အောင် လှည်းကို နောက်က တစ်ချက်လောက် ဆောင့်ကန်ပေးလိုက်ပါဗျာ...။