Sunday, November 9, 2008

ရေခဲထဲမှာ ပိုက်ဆံရှာ



ကျနော့်ဇနီးမချို မြန်မာပြည်က မိဘတွေဆီ ငွေပို့တဲ့အခါ ဖုန်းဆက်ရပါတယ်။ တခါတော့ သူ့မောင်လူဆိုး အတွက် ငွေပို့ပေးရင်း “ပို့လိုက်တဲ့ငွေကို အလဟဿ မလုပ်လိုက်နဲ့၊ အကျိုးရှိတဲ့နေရာမှာသုံး” စသည်ဖြင့် ဆုံးမပြောဆိုနေရင်း နောက်ဆုံးပြောလိုက်တဲ့စကားက “ဒီမှာ နင့်အကိုလည်း ရေခဲထဲမှာ ပိုက်ဆံရှာရတာ” တဲ့။
ကျနော့်ယောက်ဖ စိတ်ထဲ “ရေခဲထဲမှာ ပိုက်ဆံရှာရတာ” ဆိုတာကို ဘယ်လိုနားလည်သွားမလဲလို့ ကျနော် ဆက်စဉ်းစားနေမိတယ်။ သူက မြန်မာပြည်ထဲမှာပဲ နေတာ၊ နိုင်ငံခြားဆိုတာလည်း မရောက်ဘူး၊ ဥရောပ ဆိုတာ က သူနဲ့အဝေးကြီးလေ။ ဥရောပမှာ နှင်းတွေကျတယ်ဆိုတာ ရုပ်ရှင်ထဲမှာတော့ သူမြင်ဘူးချင်မြင်ဘူး မယ်။ နောက်ဆုံး သူကောက်ချက်ချသွားနိုင်တာက “ငါ့ယောက်ဖ တယောက် ရေခဲစက်မှာ အလုပ်လုပ်တာ ဖြစ်မယ်၊ ရေခဲတုံးတွေ ဆိုက်ကားပေါ်တင်ပြီး ရေခဲခြစ်ရောင်းတဲ့ ဆိုင်တွေလိုက်ပို့ရတဲ့ အလုပ်ကို လုပ်တာမို့ ငါ့အမ က ဒီလို ပြောတာနေမှာပါ” လို့ ဆိုတာပဲ ဖြစ်ပါတယ်။
သူအဲလို ထင်ရင်တော့ မှားပါလိမ့်မယ်။ ကျနော်တို့ ဒိန်းမတ်ကို ရောက်လာတာ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ပါ။ နှင်းမုန်တိုင်းတွေ တိုက်ပြီးကာစ တရက်မို့ ဘယ်နေရာပဲ ကြည့်ကြည့် ရေခဲတွေချည်းပါပဲ။ အေးလိုက်တာလည်း လွန်ပါရော။ ကွာလာလမ်ပူက ၀ယ်လာခဲ့တဲ့ အနွေးထည်တွေလောက်တော့ စကင်ဒီနေးဗီးယားဆောင်းက ရီတာပေါ့ ဖြစ်နေတာလေ။ မတ်လကုန်တော့ လမ်းပေါ်က ရေခဲတွေ အလိုလို ပျောက်ကုန်ပါတယ်။ နွေဦးရာသီ ရောက်လာတော့ မြေပေါ်က ထပေါက်လာတဲ့ ရောင်စုံပန်းလေးတွေက ချစ်စရာ ကောင်းနေပြန်ရော၊ နွေရာသီ ရောက်တော့ တေးဆိုတဲ့ ငှက်တွေရယ်၊ နေရောင်ခြည်ရယ်နဲ့ လူတွေလည်း အနွေးထည်ကြီးတွေ သိပ်မ၀တ်ရ တော့ဘူး။ မြန်မာပြည်က အညာဒေသလို ဖုန်လုံးကြီးတွေ တလိပ်လိပ်တက်လာတာမျိုးတော့ မရှိဘူးပေါ့လေ။
၂၀၀၆ ဆောင်းတွင်းမှာ ကျနော် အလုပ်မ၀င်ရသေးပဲ ဒိန်းမတ်စာသင်ကျောင်းပဲ တက်နေရတာမို့ ဘတ်စ်ကားနဲ့ ကျောင်းကို အသွားလမ်းပေါ်က ရေခဲတွေ တက်နင်းသွားရတာမို့ လမ်းလျှောက်ရတာ တမျိုးအရသာ ဖြစ်လို့ နေပါတယ်။ ၂၀၀၆ ဂျူလိုင်လမှာ ကျနော့်ကို စက်ရုံက အလုပ်ခန့်လိုက်ပါတယ်။ အလုပ်နဲ့အိမ် အတန်ငယ် (၁၄ ကီလိုမီတာ) ဝေးတာမို့ စကူတာလေးနဲ့ အလုပ်သွားပါတယ်။ အလုပ်ချိန်က ကျောင်းအချိန်ထက် စောတာမို့ ဘတ်စ်ကားနဲ့ သွားလို့ မရတော့ပါ။ ကိုယ့်ကားရှိလို့ မောင်းသွားရင် ၁၅ မိနစ်နဲ့ ရောက်ပေမယ့် စကူတာက ကီလိုမီတာ ၃၀ ပဲ ပြေးတာမို့ သူနဲ့ဆို မိနစ်လေးဆယ်လောက်မှ အလုပ်ကို ရောက်ပါတယ်။
ကားမောင်းလိုင်စင်လည်း မရှိ၊ ကိုယ်ပိုင်ကားလည်း မရှိတာမို့ စကူတာလေးနဲ့ အလုပ်သွားနေရင်း ဆောင်းကိုဝင်လာပါ တော့တယ်။ ဆောင်းရောက်ပြီဆိုတာနဲ့ ရာသီဥတုက အေးလာသလို နေ့တာတိုပြီး ညတာ ရှည်လာတာမို့ မိုးလည်း အစောကြီးချုပ်ပြီးတော့ မနက်ဆို ၈ နာရီဝန်းကျင်မှ နေရောင်မြင်ရတာမျိုးပါ။ နှင်းတွေ ကျတဲ့ တမနက် အလုပ်သွားဖို့ အိပ်ရာထပြီး ပြူတင်းပေါက်က ကြည့်လိုက်တော့ လမ်းပေါ်မှာ ရေခဲတွေ ရောက်နေပါပြီ။ စောသေးလို့လားတော့မသိ၊ ရေခဲရှင်းတဲ့စက်တွေလည်း အဲဒီနေ့က အလုပ်မလုပ်ကြသေးပါ။ ရေခဲက သိပ်အထူကြီးလည်း မဟုတ်တော့ ကျနော်လည်း ဆိုင်ကယ်ကို ဖြေးဖြေးစီးမယ်ကွာ ဆိုပြီး အလုပ်ကို လာခဲ့ပါတယ်။ အေးကလည်း အေး၊ မှောင်ကလည်း မှောင်နဲ့ တချို့နေရာတွေမှာဆို ဆိုင်ကယ် လဲမှာစိုးလို့ ခြေထောက်နှစ်ခြောင်းကို အရံသင့် ကားထားရပါတယ်။ ဒီလိုနဲ့ လာလိုက်တာ စက်ရုံနားက ရထားလမ်း ကုန်းကျော်တံတားလေးနားမှာ ဆိုင်ကယ်မှောက်ပါလေရော၊ ရေခဲထဲ လျှောတိုက်ပါသွားပြီဆိုတာ သိလိုက်ပေမယ့် ဘယ်လိုမှ ထိန်းလို့ မရတော့ပါဘူး။ လူက လမ်းပေါ်ကို ကြောင်ကျမကျပဲ၊ ခွေးကျကျတာမို့ ရင်ပတ်ထဲအောင့်သွားတဲ့ ဝေဒနာနဲ့အတူ ဆိုင်ကယ်စီးဦးထုပ်နဲ့ ကတ္တရာလမ်းခြစ်တဲ့ကိုလည်း ကြားလိုက်ရပါ တယ်။ (ဆိုင်ကယ်စီးရင် ဦးထုပ်အမြဲတမ်းဆောင်းထားသင့်ပါတယ်) ပတ်ဝန်းကျင်ကလည်း မှောင်နေတယ်။ မနက်စောသေးတာမို့ ကားအသွားအလာလည်း မရှိသေးပါဘူး။ အဲဒါနဲ့ အာရုံတွေကို ပြန်စု၊ အသက်ကို ၀အောင်ရှုပြီးတော့ မတ်တပ်ရပ်လိုက်ပါတယ်။ ပြီးတော့ ခပ်ဝေးဝေးမှာ စက်သေနေတဲ့ ဆိုင်ကယ်ကို ပြန်ထောင်ပြီး ခရီးဆက်ခဲ့ရတာပေါ့။ အဲဒီနေ့ တနေ့လုံး အလုပ်ထဲမှာ ရင်ဘတ်အောင့်နေတာပါ။
အဲဒီနှစ်မှာပဲ ဒုတိယအကြိမ် ဆိုင်ကယ်မှောက်ပါသေးတယ်။. အဲဒီအခေါက်က ရေခဲတွေများတယ်၊ သွားလို့မဖြစ် တော့ပါဘူးဆိုပြီး အိမ်ကို ပြန်လှည့်အလာ အိမ်နားရောက်ခါနီးမှာ လဲတာပါ။ လဲနေတုံး နောက်မှာ ကားတစီး ရပ်လာပြီး ကားပေါ်က လူက ဆိုင်ကယ်ကို ၀ိုင်းထောင်ပေးပါတယ်။ လမ်းပေါ်ပြုတ်ကျသွားတဲ့ ထမင်းဘူးလေး ရယ်၊ ကော်ဖီဓါတ်ဗူးလေးရယ်ကိုတော့ ကိုယ့်ဟာကိုယ် ပြန်ကောက်ပြီး အိမ်ကိုပဲ ပြန်လာခဲ့ပါတယ်။
မနှစ်ကဆောင်းကတော့ ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲလာမှုတွေကြောင့် ရေခဲတွေ မကျသ လောက်ပါပဲ။ ကျခဲ့ရင်လည်း ရေခဲအကြောင်းတော့ ကိုယ်လည်း နဲနဲတော့ နားလည်နေပါပြီ။
အဲဒီလို ရေခဲထဲ အလဲလဲအကွဲကွဲ အလုပ်သွားရတာမို့ ကျနော့် ဇနီးက သူ့မောင်ကို “ရေခဲထဲ ပိုက်ဆံရှာရတာ” လို့ တင်စားပြောလိုက်ကို ကျနော့်စိတ်ထဲ ဆက်စပ်စဉ်းစားနေရင်း ဒီစာကို ရေးဖြစ်တာပါ။
ပြီးတော့ အေးစက်နေတဲ့ ဆောင်းတွင်းကာလတွေမှာ ဆိုင်ကယ်နဲ့ အလုပ်သွားရတဲ့ ဘ၀က ကျွတ်အောင်၊ ကားလေးဘာလေးလည်း ၀ယ်နိုင်အောင် ယာဉ်မောင်းလိုင်စင်ရအောင် လုပ်အုံးမှပါလို့လည်း စဉ်းစားနေမိ ပါတယ်။ ။

(အပေါ်က ပုံက ကျနော်တို့ ဒိန်းမတ်ရောက်တဲ့နေ့မှာ ရိုက်ထားတဲ့ သမီးပုံပုံ ရဲ့ ပုံပါ)

10 comments:

pandora said...

ဒီလိုလား ကျနော်က ရေခဲရှင်းတဲ့ အလုပ်များလားလို့။

အတွေ့အကြုံလေးတွေ စိတ်ဝင်စားစရာပါ။

ma7!A^sith4nm4ysi*tha~ said...

အော်..။ယောက်ဖဆိုးတာများ ကြေငြာနေရသေးဗျာ။ ဒီလိုလုပ် လို့ တော့ မရဘူးဗျ။ ကျုပ်မှာလည်း ယောက်ဖ ဆိုး ဆိုးရှိတယ်။
ဆက်ပြီးရေးပါဗျာ။ အားပေးပါတယ် ။ဘဝတွေကိုသိရတယ်။ ရင်ခုံသံတွေကို ကြားရတယ်။ အကျိုးရှိတဲ့ အလုပ်ပါ။
ခင်မင်လျက်..။
မင်းဒင်

thorn musem said...

ကိုသက်...
ကျနော်တောင် ဟိုနေ့ က ဆိုင်ကယ်မှောက်သေးတယ်ဗျ...ရေခဲထပြင်မှာဘဲ...
ဘာမှကိုအနာကျင်ဘူး...မထိခိုက်ဘူးဗျ...မွှေ့ ယာထဲ လှဲချလိုက်သလိုဘဲ...
ပဌာန်းက အိမ်ကထွက်ကတည်းက ရွတ်နေလို့ ....
သတိထား ကိုသက်ရေ...
ကိုသက်ဘလော့ဂ်ကိုလဲ ကျနော် လင့်ခ်ထားတယ်နော်...

အောင်သာငယ် said...

ကျနော်လည်း ရေခဲထဲ ကားမောင်းခဲ့ဖူးတာပေါ့ ရေခဲထဲ ကားမောင်းရတာလည်း စိတ်ညစ်စရာကြီးဗျ....
ဘာပဲဖြစ်ဖြစ် ကားတစီး ရပါစေဗျာ....

ဒူကဘာ said...

ကသက်ဦးတို့ ဒိန်းမတ်က ဘဝတွေ လာဖတ်သွားပါတယ်၊ ကသက်ဦး ကွန်မန့် ပွတ်သွားတာ ကိုဖြေရယင် ကျနော်က အမေရိကားက Hi Tech နဲ့ ဒီပလိုမာ ရထားတာပါ မိသားစုနဲ့ ကျန်နေတဲ့ ဗမာပြည်က မောင်နှမတွေ အတွက် ဘွဲ့ယူဖို့ အတွက် ကုန်ကျမဲ့ ငွေတွေအတွက် ချီတုန်ချတုန် ဖြစ်နေရသူပါ၊ အခု ကုမ္မဏီမှာ ကွာလတီ ကွန်ထရိုး ဆူပါဗိုက်ဆာပါ၊ ကုမ္မဏီအတွက် မရှိမဖြစ် ကျိုးပမ်းထားသူပါ၊ ဒါပေမဲ့ ကိုယ်ပိုင်မလုပ်နိုင် သရွေ့ ကျွန်ကတော့ ကျွန်ပါပဲဗျာ။

ဒူကဘာ said...

ဒိန်းမတ်က မောင်ရေခဲ ပုံပြင် လာဖတ်ယင်းနဲ့ အကိုပွတ်ခဲ့တဲ့ ကွန်မန့်လာဖြေသွားတယ်၊ ကျနော်က အမေရိကားက HI-Tech ဒီပလိုမာ ရထားပြီး အခုကုမ္မဏီမှာ ကွာလတီ ကွန်ထရိုး ဆူပါဗိုက်ဆာပါ၊ လုပ်သက် ၄နှစ်ပါ၊ သူများ အလုပ် လုပ်နေသရွေ့ကတော့ ကျွန်ကတော့ ကျွန်ပါပဲဗျာ။

Nyi Pu said...

Ko Thet Oo,
I thought I had bad time in winter rain ridding motorbike. After I read you essay, I realized that every Burmese immigrants around the world have been struggling to survive and feeding their family. I'm proud of you. I wish you safe trips in winter.
Nyi Pu.

Thet Oo said...

Yes, I agree with you Ko Nyi Pu. By the way, let me know if you have a blog.
With Metta,
TO

Tin said...

Dear Ko Thet Oo, Nay Kaung Lar, Actually is not easy to walking n working on the Ice if your not use to it. U know what I means..:o))

Anonymous said...

Agree. Most of the immigrant burmese in europe are still not used to the weather and foods no matter how long they have been. Here in NL, most burmese use bicycle for daily transport. You can imagine how the body becomes numb after cycling for 30min in the cold and chill winter. Anyway wish you have a confortable car soon and have a safe winter.