Thursday, May 28, 2020

နွေရာသီ ဂေါက်သီးပြိုင်ပွဲ_ May 2020


ကိုယ်မင်ဘာဝင်ထားတဲ့ အိမ်နားက ဂေါက်ကွင်းမှာ အခုလာမယ့် တနင်္ဂနွေ May 17,2020 ကျင်းပမယ့် ဂေါက်သီးပြိုင်ပွဲ ဝင်ပြိုင်ဖို့အတွက် စာရင်းပေးလိုက်ပါပြီ။
ကိုရိုနာဗိုင်းရပ်စ် အစီအမံတွေနဲ့ စီစဉ်ရတဲ့ ပြိုင်ပွဲမို့ အရင်နဲ့ မတူ တမူတော့ ထူးခြားနေပါတယ်။ ပြိုင်ပွဲနေ့မှာ ရိုက်ချက်လေးကောင်းရင်တော့ ဆုတွေဘာတွေ ချိတ်နိုင်ပေမယ့် သောက်တလွဲတွေ ဖြစ်လာရင်တော့ Green fees နဲ့ ပြိုင်ပွဲကြေး ရှုံးပြီပေါ့။ ဂေါက်သီးဆိုတာကလည်း ဒီနေ့ရိုက်ချက်‌ကောင်းပေမယ့် နောက်တနေ့မှာ ကောင်းချင်မှ ကောင်းတာမို့ ယှဉ်ပြိုင်ချင်းသည်သာ ပဓာနဆိုတဲ့ အားကစား စိတ်ဓါတ်လေးနဲ့ပဲ ဝင်ပြိုင်ရတော့မှာပဲ။
May 17 ဂေါက်ပြိုင်ပွဲအတွက် တာဝန်ရှိသူရဲ့ အပြောအရ ကိုရိုနာကြောင့် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ ဖြေလျှော့လောက်ပြီ ထင်ပြီး ပြိုင်ပွဲလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ထင်သလို ဖြစ်မလာခဲ့လို့ ဖျက်သိမ်းလိုက်ရပါတယ်တဲ့။
ကိုယ်ထင်တာက တခြား... ဖြစ်လာတာက တမျိုးဆိုတော့လည်း မြန်မာပြည်မှာ တရားလာအားထုတ်သွားတဲ့ အမေရိကန် ယောဂီတစ်ယောက် ပြောသလို My life is chaotic ဆိုတာထက် Chaos is happening လို့ ကြည့်ပေးပါဆိုတဲ့ စကားအတိုင်း နှလုံးသွင်းရတော့မှာပေါ့....
ကိုရိုနာရေ... မင်းကြောင့် အရာရာဟာ ပုံမှန်မဟုတ်တော့တာ သေချာလို့နေပါပြီ။

No comments: