Friday, May 1, 2009

Frankfurt, Germany

၂၀၀၈ ခုနှစ် သြဂုတ်လအတွင်း ဂျာမနီနိုင်ငံ Frankfurt မြို့ကို ရောက်နေစဉ် မြို့တွင်းလှည့်လည် ကြည့်ရှုအပြီး လိုက်ပြသူ ဂျာမာန်ကြီးက ပို့စကဒ်လေးတွေ ၀ယ်ပြီး ကျနော်တို့ကို ပေးပါတယ်။ သူပေးတဲ့ ပို့စကဒ်က အောက်ကပုံပါပဲ။
Frankfurt မြို့ကိုပဲ ခေတ်သစ်နဲ့ ခေတ်ဟောင်းနှိုင်းယှဉ်ပြထားတာပါ။ ခေတ်ဟောင်းပုံက ၁၉၄၇ ခုနှစ် ဆိုတော့ ဒုတိယကမ္ဘာစစ်ကြီးအပြီး ၂ နှစ်အကြာမှာ ရိုက်ထားခဲ့ပုံဖြစ်ပါတယ်။ ခေတ်သစ်နဲ့ ခေတ်ဟောင်း ပုံတွေမှာ တူနေတဲ့ အဆောက်အဦးနှစ်ခုကြောင့် တနေရာထဲကို ရိုက်ထားတဲ့ ပုံဖြစ်ကြောင်း သက်သေပြနေပါတယ်။




ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးသွားတဲ့ ဂျာမနီကို စစ်နိုင်မဟာမိတ်လေးနိုင်ငံ ၀င်သိမ်းတာကို ခံရပါတယ်။ စစ်အတွင်းမှာဖျက်ဆီး ခံထားရတာလည်း ပုံမှာ မြင်တဲ့အတိုင်းပါပဲ။ အခု စစ်အပြီး နှစ်ငါးဆယ် အကြာမှာ အခုလိုဖြစ်လာအောင် ပြန်ပြီး ထူထောင်နိုင်ကြပါတယ်။
သယံဇာတတွေ ပေါကြွယ်ဝတဲ့ မြန်မာပြည်လဲ မှားယွင်းတဲ့ စနစ်ကို ဖယ်ရှားနိုင်ပြီး အလုပ်ကို ကြိုးစား ကြမယ်၊ အချင်းချင်း မညီညွတ်တာတွေကိုလည်း ဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်မယ်ဆိုရင်တော့ ဂျာမနီ လို မဖြစ်တောင် အိမ်နီးချင်း နိုင်ငံတွေမှာ အောက်ကျခံပြီး အလုပ်သွားလုပ်စရာ မလိုတဲ့အဆင့်ကိုတော့ ရောက်လာနိုင်စရာရှိတယ်လို့ မျှော်လင့်မိကြောင်းပါခင်ဗျား ။ ။

2 comments:

♣♣♣အိမ်မက်ချို♣♣♣ said...

ဟုတ်တယ်
ကျွန်မ Germany ကိုကြိုက်တယ်
သူတို့ရဲ့စိတ်ဓါတ်ကို ကြိုက်တယ်
အဲ နာဇီစနစ်ကလွဲရင်ပေါ့
တကယ်တော့ Germany, Japan နှင့် Isreal တွေက တကယ်တော်ပါတယ်
ဟားဟား
usa နှင့် Sg ကိုတော့မပြောပါနှင့် သူများဦးနှောက်ပဲ ဖေါက်စားတတ်တယ်။။။

Thet Oo said...

ဂျာမန်လူမျိုးတွေ အလုပ်ကြိုးစားတာတော့ အမှန်ပဲ၊ PrettyGirl ရေ..။ ဂျာမနီရောက် မြန်မာတွေလည်း အလုပ်ကို ပြင်းပြင်းထန်ထန် လုပ်ကြရတာကို တွေ့ခဲ့ရတယ်။