Sunday, August 30, 2009

ဦးဝင်းတင် ၏ 'ကွိ'

ဆရာကြီးဦးဝင်းတင်၏ ‘ကွိ’ ကို မြန်မာကျူးပစ် ဖိုရမ် မှာ စာရိုက်တင်ပေးနေကြောင်း အသိတယောက်က ကျနော့်ကို လက်တို့ ပြောကြားသဖြင့် ကျနော် ရှာဖွေကြည့်ရာ ငယ်လေးအောင် ဆိုသူက စာပြန်ရိုက်တင် ပေးနေသည်ကို တွေ့ရသည်။
‘ကွိ’ အကြောင်း ဂျာနယ်ကျော်မမလေး၏ ‘သူလိုလူ’ စာအုပ်မှာ ကြားခဲ့ဘူးသော်လည်း ကိုယ်တိုင်တော့ အခုမှ တွေ့ရသဖြင့် စာကောင်းပေကောင်း ဖတ်ရှုလိုသူများအတွက် ဘလော့ဂ်မှ တဆင့် မျှဝေရန် ဆန္ဒရှိခဲ့ပါသည်။
စာတအုပ်လုံးကို ပြန်ရိုက်တင်ပေးနေသဖြင့် ယခုမှ အခန်း (၁၆) ထိသာ တင်နိုင်ပါသေးသည်ကို တွေ့ရသည်။ ယနေ့အထိ ရိုက်ပြီးသမျှကိုသာ ပီဒီအက်ဖ် ဖိုင်ဖြင့် ဖတ်နိုင်ရန် ပြန်လည် မျှဝေလိုက်ရပါသည်။
တအုပ်လုံး စကင်မ် ဖတ်ထားသည်ကိုတွေ့ပါက လက်တို့ပေးပါရန် ပန်ကြားအပ်ပါသည် ခင်ဗျား။ ။

UWinTin Queed Chapter 0-16

6 comments:

မေဓာဝီ said...

ကွိကို တင်ပေးတာ အရမ်းကျေးဇူးတင်ပါတယ် ကိုသက်ဦး။
ဒေါင်းလုတ်ယူလို့လဲ မရဘူး။ ကျေးဇူးပြုပြီး မေးလ်နဲ့ ပို့ပေးနိုင်မလားရှင့်။

Anonymous said...

Thanks. Here is the link for original Queed (English).

http://www.gutenberg.org/etext/14303

Anonymous said...

မြန်မာပြည်မှာ ကွိ ဘာသာပြန်စာအုပ်ကို copy ဆွဲပြီး ပြန်ရောင်းတာတွေ့လို ၀ယ်ထားလိုက်တယ်
scan pdf လုပ်လို့ရရင်တင်ပေးထားလိုက်ပါမယ်

Dr.Nay Oo (Burma) said...

တင်ပေးတာကျေးဇူးတင်ပါတယ်။ ဆက်ဖတ်ချင်ပါတယ်ဗျာ။
ပီဒီအက်ဖ် နဲ့ တင်ပေးမဲ့ ဆရာသမားကိုလည်း မျှော်နေပါတယ်။

Anonymous said...

Queed အစအဆုံး pdf နဲ့ တင်ပေးထားပါပြီဗျာ
့http://shwezinu.blogspot.com

Anonymous said...

http://www.scribd.com/shwezinu
http://www.shwezinu.blogspot.com
မှာ Queed အစအဆုံး pdf file အနေနဲ့တင်ပေးထားပြီးပါပြီ၊ ဖတ်လို့ရပါပြီခင်ဗျား