Saturday, February 23, 2008

ဒိန်းမတ် နိုင်ငံ နှင့် မိုဟာမက် ကာတွန်းပြဿနာ

၂၀၀၅ ခုနှစ်က ဒိန်းမတ်မှာ တမန်တော်မိုဟာမက် ရုပ်ပြောင်ကာတွန်းတွေ သတင်းစာတစောင်မှာဖော်ပြလိုက် လို့ ပြဿနာတွေ ဖြစ်တော့ ကျနော်တို့က ဒိန်းမတ်ရောက်တာ ဘာမှမကြာသေး။ အဲဒီသတင်းစာကို ကြည့်ချင်လို့ ကျနော် အက်စ်ဘီးယားမြို့က စာကြည့်တိုက်မှာ သွားတောင်းကြည့်ဘူးသည်။
ဖြစ်ပုံက သတင်းစာအယ်ဒီတာနဲ့ ကျောင်းသုံးစာအုပ်ထုတ်ဝေရေးဌာနက ပုဂ္ဂိုလ်တို့စကားစပ်မိရာက စတင်ခဲ့တယ်လို့ သိရပါတယ်။ စာသင်ကျောင်းတွေမှာ ခလေးတွေကို ကမ္ဘာပေါ်က ကိုးကွယ်ရာဘာသာ အသီးသီး နဲ့ မိတ်ဆက်ဖို့ ကျောင်းသုံးစာအုပ်စီစဉ်ရာမှာ တမန်တော်မိုဟာမက်ပုံ ဆွဲထားတာကို ရှာလို့မတွေ့တဲ့ အကြောင်း သတင်းစာအယ်ဒီတာက သိသွားပြီး ကာတွန်းဆရာတွေကို တမန်တော်မိုဟာမက်ပုံ ကယ်ရီကေးချား ဆွဲခိုင်းပြီးတော့ သတင်းစာမှာ ဖော်ပြလိုက်တာပါပဲ။
သတင်းစာမှာ ကာတွန်းပုံတွေပါလာတော့ ဒိန်းမတ်နိုင်ငံမှာရှိတဲ့ မွတ်ဆလင်နိုင်ငံက သံအမတ်တွေက အဲဒီကိစ္စ ကို တားမြစ်အရေးယူပေးဖို့ ၀န်ကြီးချုပ်နဲ့ တွေ့ခွင့်တောင်းပါတယ်။ ၀န်ကြီးချုပ်က သူ့အနေနဲ့ သတင်းစာ အယ်ဒီတာကို တားမြစ်လို့ မရတာရယ်၊ တရားဥပဒေအရ အရေးယူမယ်ဆိုရင် သူနဲ့ မဆိုင်တာကြောင့် သံအမတ်တွေရဲ့ တွေ့ခွင့်တောင်းတဲ့ကိစ္စကို ငြင်းပယ်လိုက်ပါတယ်။
ဝန်ကြီးချုပ်က သူနဲ့မဆိုင်သလိုနေလိုက်တာကို မကျေနပ်တဲ့ အစ္စလာမ်ဘာသာရေးဆရာတွေက ကာတွန်းတွေကို ယူပြီး အရှေ့အလယ်ပိုင်းက နိုင်ငံတွေမှာလှည့်လည်ပြီးတော့ ဒိန်းမတ်ကို ဘယ်လို တုန့်ပြန် မလဲဆိုတာ ဆွေးနွေးပါတယ်။ (ဒီနေရာမှာ အငြင်းပွားဖွယ်ရာတွေ့ရှိရတာက သတင်းစာမှာပါတဲ့ ကာတွန်း (၁၂) ပုံအပြင် တခြားဆိုးဆိုးဝါးဝါး ပုံတွေပါ ယူသွားတယ်ဆိုတာပါ။ ဇတ်ပိုနာအောင်များ လုပ်ခဲ့သလားဆိုတာတော့ ဗလီဆရာတွေပဲ သိပါလိမ့်မယ်။)
ပထမဆုံး အာရပ်နိုင်ငံတွေက ဒိန်းမတ်ရဲ့ သွင်းကုန်တွေကို သပိတ်မှောက် ကြတာက စပါတယ်။ ဒိန်းမတ်ကတင်သွင်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို အာရပ်နိုင်ငံတွေရဲ့ စူပါမားကပ်တွေက စတင် ဖယ်ရှားကြပါတော့တယ်။ အဲဒီကိစ္စဟာ တစတစပိုကျယ်ပြန့်သွားပြီးတော့ ကမ္ဘာပေါ်က မူဆလင်နိုင်ငံတွေ က ဒိန်းမတ်ကို ဆန္ဒပြတော့တာပဲ။ ဒိန်းမတ်အလံတွေ မီးရှို့ခံရတယ်၊ တချို့နိုင်ငံတွေမှာ ဒိန်းမတ်သံရုံးပါ ဖျက်ဆီးခံရပါတယ်။ ဒေါသထွက်နေတဲ့ မူဆလင်ဘာသာဝင်တွေကို ဒိန်းမတ်ဝန်ကြီးချုပ်နဲ့ ကာတွန်း တွေဖော်ပြခဲ့တဲ့သတင်းစာက တောင်းပန်ပါတယ်။
တမန်တော်မိုဟာမက်ကာတွန်းပြဿနာဟာ ဒိန်းမတ်နိုင်ငံအတွက်တော့ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အကြီးမားဆုံးနိုင်ငံရေး အကျပ်အတည်းဖြစ်သွားခဲ့ပါတယ်။
အခုတခါ သက္ကရာဇ် ၂၀၀၈ ကို ရောက်ပြန်တော့ ဒီလထဲမှာပဲ ကာတွန်းဆရာ (၁၂) ယောက်ထဲက တယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်တဲ့သူ သုံးယောက်ကို ဒိန်းမတ်ရဲစုံထောက်အဖွဲ့က ဖော်ထုတ်ဖမ်းဆီး လိုက်ပါတယ်။ ကြံစည်သူ သုံးယောက်မှာ တယောက်က ဒိန်းမတ်သူနဲ့လက်ထပ်ထားလို့ နိုင်ငံသားဖြစ်နေသူ၊ ကျန်တဲ့ ၂ ယောက်ကတော့ ဒိန်းမတ်မှာနေထိုင်ခွင့်ရထားတဲ့ တူနီးရှားနိုင်ငံသားတွေလို့ သိရတယ်။ ကာတွန်း ဆရာကို သတ်ဖို့ကြံစည်တဲ့အမှုကို ဝေဖန်ရေးသားကြရင်းနဲ့ သတင်းစာတွေက မိုဟာမက်ကာတွန်းတွေကို ထပ်မံဖော်ပြကြပါတယ်။ အဲဒီတော့ တခါ မူဆလင်ဘာသာဝင်တွေရဲ့ ဒေါသထွက်ဆန္ဒပြတာတွေ ထပ်ဖြစ်လာပြန် တာပေါ့။ ပြည်ပနိုင်ငံတွေမှာ ဆန္ဒပြနေသလို ပြည်တွင်းမှာလည်း မီးတွေ့လိုက်ရှို့နေကြပါတယ်။
အခုစာရေးနေစဉ်မှာပဲ အာရှ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံတွေမှာ ဆန္ဒတွေပြနေကြပါတယ်။
ဒိန်းမတ်နိုင်ငံရဲ့ မြို့ကြီးတွေမှာ ရှစ်ရက်လောက် ဆက်တိုက်နီးပါး ညဖက်တွေမှာ မီးတွေလောင်နေခဲ့ပါတယ်။ အမှိုက်ပုံးတွေ၊ ကားပါကင်မှာ ရပ်ထားတဲ့ကားတွေ၊ စာသင်ကျောင်းတွေ မီးရှို့ခံရပြီးတော့ မီးလိုက်ရှို့နေသူတွေက မူဆလင် ဘာသာဝင် ဆယ်ကျော်သက်တွေလို့သိရပါတယ်။ တချို့ကိုလည်း ရဲက ဖမ်းထားပါတယ်။ ပျက်ဆီးဆုံးရှုံးမှုတွေ က ကာလတန်ဘိုးငွေမနည်းသလို မကျေနပ်မှုတွေကလည်း မပြီးဆုံးသေးပါဘူး။
ဒိန်းမတ်လူမျိုးတွေနဲ့ပတ်သက်ပြီး ကျနော်သိရသလောက်တော့ သူတို့တွေဟာ ခရစ်ယာန်ဘာသာဝင်တွေ ဆိုပေမယ့် သူတို့ကိုးကွယ်တဲ့သာသာအပေါ်မှာလည်း သိပ်အလေးအနက်မရှိကြပါဘူး။ မင်္ဂလာဆောင်နဲ့ အသုဘ ရှိမှသာ ဘုရားကျောင်းကိုသွားကြပါတယ်။ ဒိန်းမတ်လူငယ်တယောက်နဲ့စကားပြောကြည့်တော့ `သမ္မာကျမ်းစာမှာ ပထမတရွက်ဖတ်ပြီးလို့ နောက်တရွက်လှန်တာနဲ့ အမှားတွေ့တော့တာပဲတဲ့´။ ကိုယ်ကိုးကွယ်တဲ့ ဘာသာတောင်မှ အလေးအနက်မရှိလေတော့ တခြားသူတွေရဲ့ ဘာသာရေးအယူအဆအစွဲ အလမ်းတွေကိုလည်း သူတို့ ခံစားနားလည်နိုင်မှုမရှိကြဘူးလို့ပဲ ဆိုရပါလိမ့်မယ်။
စစ်အေးတိုက်ပွဲပြီးလို့ ကမ္ဘာပေါ်မှာ ထပ်မံကြုံတွေ့ရမယ့် ပဋိပက္ခဟာ ယဉ်ကျေးမှုတို့ တိုက်မိခြင်းသာ ဖြစ်မယ် ဆိုရင် တဖက်နဲ့ တဖက် ဆင်ဆင်ခြင်ခြင် ရှိကြရလိမ့်လို့ ယူဆမိကြောင်းပါ.. ။ ။

7 comments:

Andy Myint said...

တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်လည်း ရက်ရှဒီ အကြောင်းရေးထားပါတယ်။ သူကတော့ နည်းနည်း ကြာပြီလေ။

Anonymous said...
This comment has been removed by a blog administrator.
စိုးထက် - Soe Htet ! said...

တတိယ ကမ္ဘာစစ်ကတော့ ဘာသာရေးကြောင့်ပဲ ဖြစ်လိမ့်မယ် ထင်တယ် ... နေရာတကာ ဒီ ပြဿနာတွေ ကြီးထွးလာနေပြီ :(

ကွန်းဇော် (အညာမြေ) said...

ကောင်းပါတယ်။ ကျနော်ဘာသာတရားကိုတော့ မဆန့်ကျင်ချင်ပါဘူး။ လူသတ်တာတို့ အသေခံဗုံးခွဲတာတို့ကို ဆန့်ကျင်ပါတယ်။ ဘာသာတရားကတော့ သူ့ဟာသူ ပင်စိမ်းပင် ဖင်ထိုင်ရှိခိုးလဲ ကိုယ်နဲ့ မဆိုင်ပါဘူး။ ဒါပေမယ့် တခြားသူတွေကိုပါ အတင်းအကျပ် လိုက်သိမ်းသွင်းမယ်ဆိုရင်တော့ လွတ်လပ်မှုကို မြတ်နိုးတဲ့ ကမ္ဘာ့လူသားတရပ်လုံး ၀ိုင်းဝန်းဆန့်ကျင် တိုက်ခိုက်ကြရပါလိမ့်မယ်။ ကမ္ဘာကြီးကလဲ ဒါကို လေ့လာနေပါတယ်။ အစ္စလာမ်ဟာ အဲသည်လိုဟုတ်မဟုတ်။ အချိန်စောင့်နေကြပါတယ်။ ကျနော့်ကျောင်းတုန်းက မွတ်သူငယ်ချင်းတစ်ယောက်ကတော့ ဘင်လာဒင်ဟာ သူတို့ အတွက် ဟီးရိုးကြီးပါတဲ့ဗျား။ စဉ်းစားကြည့်ကြပါဗျာ။

Unknown said...

ကျွန်တော်အစကဗုဒ္ဓဘာသာ၊အခုတော့ခရစ်ယာန်ဖြစ်သွားတယ်။ ကျွန်တော်ဗုဒ္ဓဘာသာကျမ်းတွေအမှားအယွင်းပေါင်းစွါကို ကျွန်တော်သိလာတော့ ကျွန်တော်ရှာဖွေလာတ်။ခရစ်ယာန်သမ္မာကျမ်းစာကိုသွားတွေ့တယ်။ ခင်ဗျားကျွန်တော်လေ့လာလို့နောက်ပိုင်း ကျွန်တော်လိုချင်တဲ့အဖြေတွေကိုခရစ်ယာန်ကျမ်းစာက ဖြေပေးနိုင်တယ်။ခရစ်ယာန်သမ္မာကျမ်းစာအုပ်ဆိုတာကမ္ဘာပေါ်မှာအရောင်းရဆုံး ကျမ်းတအုပ်ဖြစ်တယ်။ ဒီလိုကျမ်းစာအုပ်တအုပ်ကို တကယ်ပြောလားမသိ မိမိလုပ်ကြံပြောခြင်တဲ့စကားကို ဒိန်းမတ်ကလူငယ်ကပြောတယ်တို့ဘာတို့ လုပ်ကြံပြောရင်လဲ ကျွန်တော်သိရတာမဟုတ်ဘူး။ ဒီလိုခင်ဗျားကပြောရင် ဘယ်လိုမှရောင်းတန်းမ၀င်တဲ့ ဗုဒ္ဒကျမ်းဂန်များကို ကျွန်တော်အခုဆိုခြင်တာ ဗုဒ္ဓဘာသာကျမ်းရဲ့ စာတကြောင်းကိုဖတ်ပြီးတာနဲ့နောက်တကြောင်းမှာအမှားကိုတွေ့ရတော့တာပဲ။ ကဲအဲ့ဒါကိုခင်ဗျားဘလော့ခ်ပေါ်မှာ တင်ရေးလိုက်။ ဒီစကားကကျွန်တော်မယုံလို့ပြောတဲ့စကား ။မွတ်ဆလင်ဆိုတာတော့ကျွန်တော်ဘယ်လိုဘယ်နည်းကိုမှမလက်ခံတာ။ သူတို့ဆောင်ပုဒ်ကအလာဒ်ယူမလား။ ဓါးယူမလားလူမိုက်၊မိုက်ကြေးခွဲလေသံ မေတ္တာဂရုဏာလေသံမပါဘူး။ ကျွန်တော်ဗုဒ္ဓကိုမယုံကြည်ပေမယ့်တချို့သူဒဿနလေးကိုလေးစားမိတုံးပဲ။ ခင်ဗျားရေးပုံကမွတ်ဆလင်ကိုကော်းငးကောင်းနှိပ်ကွပ်ပြီး ခရစ်ယာန်ကိုမသိမသာလေးနှပ်ဒါတော့မကောင်းဘူး

Thet Oo said...

ကျနော် ဒိန်းမတ်ရောက်နေတာဆိုတော့ ဒိန်းမတ်တွေ နေတာထိုင်တာရယ်၊ ဒိန်းမတ်မှာ ဖြစ်ပျက်နေတာတွေရယ်ထဲက တချို့ကို လေ့လာပြီး ရေးလိုက်တာပါ။
ဘယ်ဘာသာကိုမှ နှိပ်ကွပ်ဖို့ ရည်ရွယ်ချက်မရှိပါဘူးခင်ဗျား။ ဗုဒ္ဓကျမ်းစာမှာ မှားနေတာကို တွေ့လို့ ဘာသာပြောင်းသွားတာကို သိရအတွက် စိတ်တော့မကောင်းပါဘူး။
ဘာသာသစ်မှာ အမှန်တရားရှာဖွေ တွေ့ရှိပါစေလို့ပဲ ဆန္ဒပြုပေးပါတယ်။ (Note:use myanmar3 font to see this comment)

လူလိမ်သို့ said...

waiyaung ဆိုတဲ့ လူလိမ်က သူ ဗုဒ္ဓဘာသာ ဖြစ်ဖူးတယ်ဆိုရင် တကယ် သက်သေပြနိုင်မလား။ တခြားဘာသာ ပြောင်းသွားသူတွေကို ဗုဒ္ဓဘာသာက ဘာမှ ပြဿနာလုပ်လေ့မရှိတော့ ဘာသာ တကယ်ပြောင်းသွားတဲ့ ဗုဒ္ဓဘာသာဟောင်းမှန်ရင် ထုတ်မပြောရဲစရာ ဘာအကြောင်းမှ မရှိပါဘူး။ ဝင်းဦးလဲ ဗုဒ္ဓဘာသာကနေ ခရစ်ယာန် ပြောင်းတာပဲ။ မြန်မာပြည်မှာ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းက လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို ဘာမှ မချုပ်ချယ်ပါဘူး။

waiyaung ဆိုတဲ့ လူလိမ်က ကိုယ့်ဘာသာဘက်ကနေ တခြားဘာသာကို ဆဲတာတောင် ရိုးရိုးမဆဲဘဲ ကျွန်တော် အစက ဗုဒ္ဓဘာသာပါဆိုပြီး လိမ်ပြောပြီးမှဆဲတာတော့ မာယာများတယ်၊ အောက်တန်းကျတယ်လို့ပဲ ကလိန်ခြုံကို သတိပေးချင်ပါတယ်။