Sunday, May 17, 2009

သန်းရွှေ၊ ကြိုင်ကြိုင် တော်လောက်ပြီ

မြန်မာနိုင်ငံက သမိုင်းဝင် ရှစ်လေးလုံးအရေးအခင်းကြီး စတင်ကာနီးအချိန်မှာ ထူးခြားတာလေးတခု ပေါ်လာတာကို ကျနော် မှတ်မိနေပါသေးသည်။ ကျနော်နေသည့် နယ်မြို့လေးတခုက အထက်တန်း ကျောင်းသားလေးတွေ မဆလအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသည့် ကားပေါ်မှာ တင်လာသည့် စာတန်း တခု ဖြစ်သည်။ ထိုစာတန်းမှာ ရေးထားသည်က “လမ်းစဉ်ပါတီ တော်ပါပြီ” ဟူ၍ ဖြစ်၏။
ထို့နောက် လျှင်မြန်လှသော အရှိန်အဟုန်ဖြင့် ကျောင်းသားများဦးဆောင်သည့် လူထုလှုပ်ရှားမှုများ ပေါ်ပေါက်လာကာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူထုကြီး ဆန္ဒပြကြသဖြင့် တိုင်းပြည်ကို ၂၆ နှစ်ကြာ တလွှဲ အုပ်ချုပ်လာသော အာဏာရှင်ဦးနေ၀င်း၏ မဆလ အစိုးရ ပြုတ်ကျခဲ့ရသည်။
ယခုလည်း လူထုကို ဖိနှိပ်လျှက် ပျဉ်းမနားတွင် စစ်မင်းနေပြည်တော် ထူထောင်နေသော စစ်အာဏာရှင်တို့သည် ပြည်သူတို့၏ အလင်းရောင်၊ ကမ္ဘာကပင် လေးစားရသော လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အလိမ်ညာ မုသားများဖြင့် အင်းစိန်ထောင်သို့ ပို့ရန် စီစဉ်နေလေပြီ။
လူထု လှုပ်ရှားမှု အစပျိုးသည့် မီးပွားသည် မည်သည့်နေရာတွင် မည်ကဲ့သို့ ပေါ်လာမည်ကို ကြိုတင်ခန့် မှန်းရန် ခက်ခဲသော်လည်း လူထုအနေဖြင့် “သန်းရွှေ၊ ကြိုင်ကြိုင် တော်လောက်ပြီ” ဟု ဆုံးဖြတ်လိုက်ပါက မကြာခင် ပေါ်ပေါက်လာမည့် လူထုအုံကြွမှု အထွေထွေသပိတ်ကြီးသည် မြန်မာ့သမိုင်းတွင် စာမျက်နှာ သစ်ဖွင့်ရန် အဆင့်သင့် ဖြစ်နေလောက်ပြီဟု ထင်မြင်မိပါသည်။ ။

2 comments:

မင်းဒင် said...

သန်းရွှေ၊ ကြိုင်ကြိုင် တော်လောက်ပြီ” ဟု ဆုံးဖြတ်လိုက်ပါက မကြာခင် ပေါ်ပေါက်လာမည့် လူထုအုံကြွမှု အထွေထွေသပိတ်ကြီးသည် မြန်မာ့သမိုင်းတွင် စာမျက်နှာ သစ်ဖွင့်ရန် အဆင့်သင့် ဖြစ်နေလောက်ပြီဟု ထင်မြင်မိပါသည်။ ။

ဟုတ်ကဲ့။ ကျနော် သဘောတူပါတယ် ကိုသက်ဦး ရယ် ။
အဆင်သင့်ဖြစ်အောင် အားထုတ်ပါ့မယ် ။ ။

လေးစားလျက်

မင်းဒင်

shinnlay said...

ဟုတ်ပါတယ် ဖြစ်သင့်နေတာ ကြာပါပြီ ကိုသက်ဦး လိုတဲ့ နေရာမှ ဖြစ်အောင်လုပ်ပေးပါမယ်