Thursday, September 6, 2018

Amsterdam_2018

[Zawgyi]
အမ္စတာဒမ္သို႔ မိမိကားျဖင့္ အလည္သြားမည္ဆိုပါက ကားရပ္နားမည့္ ေနရာေစ်းႀကီးပါသည္။ ၿမိဳ႕တြင္းရပ္နားပါက တနာရီကို ယူရိုေငြ ၄ ယူရိုေပးရပါမည္။ အကယ္၍ အမ္စတာဒမ္ဘူတာႀကီး၏ တဖက္ျခမ္းတြင္ သြားေရာက္ရပ္နားပါက တနာရီလၽွင္ ၁.၅ ယူရိုသာ ေပးရၿပီး အခမဲ့ ဖယ္ရီတက္စီးလိုက္သည္ႏွင့္ ဘူတာႀကီးသို႔ ေရာက္သြားေပမည္။ အခမဲ့ ထိုဖယ္ရီသည္ မိနစ္အနည္းငယ္သာ ေစာင့္ရပါသည္။ ဘူတာႀကီးမွ ထြက္လိုက္သည္ႏွင့္ ၿမိဳ႕လယ္သို႔ ေရာက္သြားၿပီး အလြန္စည္ကားေသာ အမ္စတာဒမ္ကို စိတ္ႀကိဳက္လည္ပတ္ပါေလေတာ့။
ဘူတာႀကီးတဖက္ျခမ္း ကားရပ္နားသည့္ေနရာ၏ လိပ္စာမွာ IJplein 4, 1021 HR Amsterdam
ျဖစ္ၿပီး ခရက္ဒစ္ကတ္ကို အသုံးျပဳ၍ မိမိရပ္နားလို႔သည့္ အခ်ိန္ႏွင့္ မိမိ၏ကားနံပါတ္ကို ထည့္သြင္းလိုက္ရၿပီးလၽွင္ လက္ခံျဖတ္ပိုင္းရရွိမည္ျဖစ္သည္။ ကားနံပါတ္ကိုသာ ထည့္သြင္းရၿပီး မိမိဝယ္ယူထားသည့္ အခ်ိန္ျပလက္မွတ္ထုတ္မေပးသည့္အတြက္ ကားေပၚမွာ မည္သည့္စာရြက္ကိုမၽွ ထားခဲ့စရာမလိုပါ။ အမ္စတာဒမ္ အျပင္ အျခားၿမိဳ႕ႀကီးျဖစ္ေသာ Utrecht တြင္လည္း ထိုစံနစ္ကိုသာ သုံးသည့္အတြက္ နယ္သာလန္တနိုင္ငံလုံး သုံးသည့္စနစ္ျဖစ္သည္ဟု ခန္႔မွန္းမိပါသည္။ သတ္မွတ္ေစ်းႏႈန္း မတူသည့္အတြက္ ေစ်းသက္သာသည့္ ေနရာမွာဝယ္ထားသည့္ အခ်ိန္မ်ား ပိုေန၍ အျခားေနရာ ေျပာင္းရပ္နားမည္ဆိုပါက အဆင္မေျပနိုင္ဟုလည္း ယူဆမိပါသည္။

၂၀၁၈ ဩဂုတ္လ မိမိတို႔၏ နယ္သာလန္ခရီးစဥ္တြင္ ေရာက္ရွိခဲ့သည့္ အလည္အပတ္ေနရာမ်ားမွာ -

အလြန္စည္ကားေသာ အမ္စတာဒမ္ၿမိဳ႕လယ္

Kerkweg 11, 8355 BL Giethoorn - နယ္သာလန္၏ ေက်းလက္ေဒသ (Amsterdam မွ ကားျဖင့္ေမာင္းလၽွင္ ၁ နာရီ ၄၀ မိနစ္ ခန္႔ေမာင္းရမည္)

Schansend 7, 1509 AW Zaandam - တိုးရစ္မ်ား သြားေရာက္လည္ပတ္သင့္သည့္ေနရာ (ၿမိဳ႕လယ္ဘူတာႀကီးမွ ကားေမာင္းလၽွင္ ၂၅ မိနစ္ခန္႔ေမာင္းရမည္)

သည္ဟိက္ ၿမိဳ႕တြင္ရွိေသာ Madurodam ဆိုသည့္ ေနရာကိုလည္း အမ္စတာဒမ္မွ တနာရီခန္႔ ကားေမာင္းသြား၍ လည္ပတ္ၾကည့္ရႈနိုင္ပါသည္။ စိတ္ဝင္စားစရာ ေနရာတခုျဖစ္ၿပီး ၂၀၀၈ ခုႏွစ္ မိမိေရာက္ခဲ့စဥ္က ဝင္ေၾကး တေယာက္လၽွင္ ၁၃ ယူရိုေပးခဲ့ရၿပီး မီးရထား၊ ဓါတ္ရထား စီးကာ ေရာက္ရွိခဲ့ျခင္းျဖစ္ပါသည္။
ထိုခရီးစဥ္အေၾကာင္းအား http://thetoo.blogspot.com/2008/03/blog-post_29.html ပို႔စ္ တြင္ ဖတ္ရႈနိုင္ပါေၾကာင္း….

[Unicode]
အမ်စတာဒမ်သို့ မိမိကားဖြင့် အလည်သွားမည်ဆိုပါက ကားရပ်နားမည့် နေရာစျေးကြီးပါသည်။ မြို့တွင်းရပ်နားပါက တနာရီကို ယူရိုငွေ ၄ ယူရိုပေးရပါမည်။ အကယ်၍ အမ်စတာဒမ်ဘူတာကြီး၏ တဖက်ခြမ်းတွင် သွားရောက်ရပ်နားပါက တနာရီလျှင် ၁.၅ ယူရိုသာ ပေးရပြီး အခမဲ့ ဖယ်ရီတက်စီးလိုက်သည်နှင့် ဘူတာကြီးသို့ ရောက်သွားပေမည်။ အခမဲ့ ထိုဖယ်ရီသည် မိနစ်အနည်းငယ်သာ စောင့်ရပါသည်။ ဘူတာကြီးမှ ထွက်လိုက်သည်နှင့် မြို့လယ်သို့ ရောက်သွားပြီး အလွန်စည်ကားသော အမ်စတာဒမ်ကို စိတ်ကြိုက်လည်ပတ်ပါလေတော့။
ဘူတာကြီးတဖက်ခြမ်း ကားရပ်နားသည့်နေရာ၏ လိပ်စာမှာ IJplein 4, 1021 HR Amsterdam
ဖြစ်ပြီး ခရက်ဒစ်ကတ်ကို အသုံးပြု၍ မိမိရပ်နားလို့သည့် အချိန်နှင့် မိမိ၏ကားနံပါတ်ကို ထည့်သွင်းလိုက်ရပြီးလျှင် လက်ခံဖြတ်ပိုင်းရရှိမည်ဖြစ်သည်။ ကားနံပါတ်ကိုသာ ထည့်သွင်းရပြီး မိမိဝယ်ယူထားသည့် အချိန်ပြလက်မှတ်ထုတ်မပေးသည့်အတွက် ကားပေါ်မှာ မည်သည့်စာရွက်ကိုမျှ ထားခဲ့စရာမလိုပါ။ အမ်စတာဒမ် အပြင် အခြားမြို့ကြီးဖြစ်သော Utrecht တွင်လည်း ထိုစံနစ်ကိုသာ သုံးသည့်အတွက် နယ်သာလန်တနိုင်ငံလုံး သုံးသည့်စနစ်ဖြစ်သည်ဟု ခန့်မှန်းမိပါသည်။ သတ်မှတ်စျေးနှုန်း မတူသည့်အတွက် စျေးသက်သာသည့် နေရာမှာဝယ်ထားသည့် အချိန်များ ပိုနေ၍ အခြားနေရာ ပြောင်းရပ်နားမည်ဆိုပါက အဆင်မပြေနိုင်ဟုလည်း ယူဆမိပါသည်။

၂၀၁၈ ဩဂုတ်လ မိမိတို့၏ နယ်သာလန်ခရီးစဉ်တွင် ရောက်ရှိခဲ့သည့် အလည်အပတ်နေရာများမှာ -

အလွန်စည်ကားသော အမ်စတာဒမ်မြို့လယ်

Kerkweg 11, 8355 BL Giethoorn - နယ်သာလန်၏ ကျေးလက်ဒေသ (Amsterdam မှ ကားဖြင့်မောင်းလျှင် ၁ နာရီ ၄၀ မိနစ် ခန့်မောင်းရမည်)

Schansend 7, 1509 AW Zaandam - တိုးရစ်များ သွားရောက်လည်ပတ်သင့်သည့်နေရာ (မြို့လယ်ဘူတာကြီးမှ ကားမောင်းလျှင် ၂၅ မိနစ်ခန့်မောင်းရမည်)

သည်ဟိက် မြို့တွင်ရှိသော Madurodam ဆိုသည့် နေရာကိုလည်း အမ်စတာဒမ်မှ တနာရီခန့် ကားမောင်းသွား၍ လည်ပတ်ကြည့်ရှုနိုင်ပါသည်။ စိတ်ဝင်စားစရာ နေရာတခုဖြစ်ပြီး ၂၀၀၈ ခုနှစ် မိမိရောက်ခဲ့စဉ်က ဝင်ကြေး တယောက်လျှင် ၁၃ ယူရိုပေးခဲ့ရပြီး မီးရထား၊ ဓါတ်ရထား စီးကာ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။
ထိုခရီးစဉ်အကြောင်းအား http://thetoo.blogspot.com/2008/03/blog-post_29.html ပို့စ် တွင် ဖတ်ရှုနိုင်ပါကြောင်း….











Monday, June 18, 2018

Anty Suu_73

[Zawgyi]
လူထုခ်စ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ အသက္ (၇၃) ႏွစ္ေျမာက္ေမြးေန႔က်င္းပတဲ့ပြဲမွာ စကားေျပာခြင့္ရလို႔ ဝမ္းသာပါတယ္။ ဒိန္းမတ္မွာေတာ့ ေႏြရာသီေရာက္လာရင္ အေမစုေမြးေန႔က်င္းပတာရယ္၊ စုန္းမႀကီး မီးရွို႔တာရယ္ကို ျဖတ္သန္းၿပီး အသက္ေတြတႏွစ္ႀကီးသြားျပန္ပါၿပီ။
က်ေနာ္တို႔ အမိျမန္မာနိုင္ငံေတာ္ဟာ စစ္အာဏာရွင္မတိုင္ခင္က တပါတီအာဏာရွင္စနစ္ကို ျဖတ္သန္းခဲ့ရပါတယ္။ အဲဒီမွာ ေမွာင္ခိုေခတ္ဆိုတာရွိခဲ့ပါတယ္။ ထိုင္းနိုင္ငံက လူသုံးကုန္ပစၥည္းေတြဟာ ေမာ္လၿမိဳင္ၿမိဳ႕ကို ျဖတ္သန္းၿပီးေတာ့ အျမန္ရထားႀကီးနဲ႔ ရန္ကုန္ကို သယ္ယူၾကတဲ့ေခတ္ပါ။ သထုံဘူတာမွာ ရွာေဖြေရးဆိုတာ အလြန္နာမည္ႀကီးပါတယ္။ အဲဒီရွာေဖြေရးေတြက ဘူတာပလက္ေဖာင္းမွာ ေမွာင္ခိုပိတ္စ ကိုယ္မွာပတ္လာတဲ့ အမယ္အိုတဦးကို ဖမ္းဆီးေနတာ၊ ပိတ္စအသိမ္းခံလိုက္ရတဲ့ အမယ္အိုႀကီးဟာ မ်က္ရည္ေတြစီးက် ေအာ္ဟစ္ငိုယိုၿပီးေတာ့ ဟိုသြားရမလို၊ ဒီသြားရမလိုနဲ႔ ျဖစ္ေနတာေတြဟာ က်ေနာ့္မ်က္စိထဲက မထြက္ေသးပါဘူး။ ရွစ္ေလးလုံးအေရးအခင္းမတိုင္ခင္မွာလည္း ေငြစကၠဴေတြ တရားမဝင္ဘူးလို႔ ေၾကညာတာကို ခံၾကရပါတယ္။ တိုင္းျပည္ကို အမ်ိဳးမ်ိဳး ဒုကၡေပးခဲ့တဲ့ ေနဝင္းအစိုးရဆင္းသြားၿပီးေတာ့ ျပည္သူေတြရဲ့ လည္ပင္းကို စစ္ဖိနပ္နဲ႔ တက္နင္းတဲ့ အစိုးရ တက္လာျပန္ပါတယ္။
အဲဒီအေမွာင္ေခတ္မွာ ရွစ္ေလးလုံးဆယ္ႏွစ္ျပည့္ေတာ့ ရန္ကုန္ၿမိဳ႕ကို အလည္ဗီဇာနဲ႔ ဝင္သြားတဲ့ အာဆီယံနိုင္ငံက လူ႔အခြင့္အေရးလႈပ္ရွားသူေတြဟာ သူတို႔ ျပန္မယ့္ေန႔မွာ ခြပ္ေဒါင္းပုံပါတဲ့ စာရြက္ေလးေတြေဝပါတယ္။ ခ်က္ခ်င္းအဖမ္းခံရၿပီးေတာ့ အင္းစိန္ေထာင္ကို ေရာက္သြားခဲ့ပါတယ္။ စစ္အစိုးရ မႀကိဳက္တာ လုပ္မိရင္ သူတို႔က မည္သူ႔ကို မဆို ဖမ္းဆီးေထာင္ခ်ဖို႔ ဝန္မေလးပါဘူး။ နိုင္ငံျခားသားတေယာက္ ေလဆိပ္ကို ဝင္လာတာနဲ႔ ေထာက္လွမ္းေရးအပါအဝင္ ဌာနေလးခုက ေစာင့္ၾကည့္တာကို ခံရမွာပါ။ ေစာင့္ၾကည့္ေနတဲ့ၾကားက ကိုေရႊတိုးရစ္က ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ ေဒၚေအာင္ဆန္းစုၾကည္ပုံပါတဲ့ တီရွပ္ဝတ္ၿပီး လမ္းေလၽွာက္ခ်င္ေလၽွာက္တာက ရွိတတ္ေသးတယ္။
အဲဒီလို ေခတ္ကေန အခုဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္ အတိုင္ပင္ခံပုဂၢိဳလ္အျဖစ္ နိုင္ငံေတာ္တာဝန္ေတြ ထမ္းေဆာင္ေနၿပီဆိုေပမယ့္လည္း လည္ပင္းကို စစ္ဖိနပ္နဲ႔ မနင္းေတာ့ေပမယ့္ လက္ကိုေတာ့ လိမ္ထားတုံးပါပဲ။ ၂၀၀၈ ဖြဲ႕စည္းပုံနဲ႔ေပ့ါ။ ဒါကိုလည္း အေမၽွာ္အျမင္ႀကီးမားတဲ့ အေမစုရဲ့ ေခါင္းေဆာင္မႈေအာက္ကေန ေက်ာ္လႊားၾကရမွာပါ။
ရွစ္ေလးလုံးေက်ာင္းသားေခါင္းေဆာင္ ကိုဂ်င္မီ ေထာင္ကလြတ္လာအၿပီး ဒိန္းမတ္ကိုအလည္လာသြားတုံးက ဓမၼရံသီမွာပဲ ျမန္မာမိသားစုေတြနဲ႔ ေတြ႕ဆုံပြဲမွာ "ခင္ဗ်ားတို႔ ဒီကို ေရာက္ေနတာ ထူးျခားျဖစ္စဥ္ဗ်" လို႔ ေျပာသြားဖူးပါတယ္။ ဒီမွာက ဘဝေတြက သက္ေတာင့္သက္သာနဲ႔ လုံျခဳံမႈရွိတာကို သူေတြ႕သြားလို႔ ေျပာသြားတာပါ။ ဟုတ္ပါတယ္။ ဒိန္းမတ္ေရာက္ေနတဲ့ က်ေနာ္တို႔ေတြ ဒီနိုင္ငံမွာ အထိုက္အေလ်ာက္ေတာ့ ဘဝလုံျခဳံမႈ ရွိေနပါၿပီ။
ဒါေပမယ့္ က်ေနာ္တို႔ ဗုဒၶဘာသာဝင္ေတြ မေမ့ရမွာက အိႏၵိယနိုင္ငံ ဗုဒၶဂါယာမွာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၅၀၀ ေက်ာ္က ျမတ္စြာဘုရားပြင့္ခဲ့တာကိုပါ။ ဒါဟာလည္း လူသားေတြအတြက္ အလြန္ထူးျခားတဲ့ ျဖစ္စဥ္ႀကီး တစ္ခုပါပဲ။ ျမတ္စြာဘုရားဟာ သတၱဝါေတြကို ကယ္တင္ဖို႔ ေလးသေခၤ်နဲ႔ ကမၻာတသိန္း စြန္႔လႊတ္အနစ္နာခံခဲ့ပါတယ္။ သူသနားလို႔ ကယ္တင္ခ်င္တဲ့သူေတြထဲမွာ က်ေနာ္တို႔လည္းပါေနတယ္ဆိုတာ သတိရၾကပါလို႔ အေလးအနက္ ေျပာလိုပါတယ္။ ျမတ္စြာဘုရားရဲ့ တရားေတာ္ေတြက ဒီတစ္ဘဝတင္မက သံသရာအတြက္ပါ လုံျခဳံမႈကို ေပးပါတယ္။ ဒုကၡခပ္သိမ္း ၿငိမ္းေစဖို႔ လမ္းစဥ္ျပသညႊန္ၾကားေပးတဲ့ တရားေတာ္ေတြနာဖို႔ မေျပာနဲ႔ ဒုကၡခပ္သိမ္း ၿငိမ္းရမယ္ဆိုတဲ့ လမ္းစဥ္ကိုေတာင္ ဒီသာသနာနဲ႔ လြဲသြားရင္ ၾကားဖူးဖို႔ လြယ္ေတာ့မွာ မဟုတ္ပါဘူး။ အခုဆိုရင္ ဒိန္းမတ္မွာ ဘုန္းေတာ္ႀကီးေက်ာင္း ႏွစ္ေက်ာင္းအထိ ရွိလာတာကိုလည္း ဝမ္းသာပါတယ္။ ဗုဒၶရံသီမွာ တရားထိုင္ၾကတယ္၊ ေႏြရာသီ တရားစခန္းလည္း က်င္းပမယ္ဆိုတာ သိရလို႔ ေက်နပ္မိပါတယ္။ ဘုန္းေတာ္ႀကီးေက်ာင္းေတြ၊ သံဃာေတာ္ေတြရွိတဲ့အတြက္ ဒါန၊ သီလ၊ ဘာဝနာ၊ ဝိပႆနာနဲ႔ မဂ္ကုသိုလ္ေတြစုံေအာင္ ျပဳလုပ္နိုင္ဖို႔ အခြင့္အလမ္းေတြ ေပၚေနပါၿပီ။ က်ေနာ္တို႔ဖက္က ကိုယ္ဘာကို တန္ဖိုးထားမလဲ၊ တန္ဖိုးထားတဲ့ အရာကို ဘယ္လိုရေအာင္ယူမလဲဆိုတာကို သုံးသပ္ဖို႔နဲ႔ ဆုံးျဖတ္လုပ္ကိုင္ဖို႔ပဲ လိုပါေတာ့တယ္။
လူထုေခါင္းေဆာင္ ေမြးေန႔ေတြကို ႏွစ္စဥ္မပ်က္မကြက္ က်င္းပေပးေနတဲ့ ကိုမိုက္ကယ္နဲ႔ မပိုတို႔ ဇနီးေမာင္ႏွံလည္း ေနာက္လာမယ့္ႏွစ္ေတြမွာ ဝတၱရားမပ်က္ ေဆာင္ရြက္နိုင္ပါေစ။ အေမစုလည္း မေလးရွားက ဝန္ႀကီးခ်ဳပ္အသစ္ျပန္အေရြးခံတဲ့ ေဒါက္တာမဟာသီယာမိုဟာမက္လို အသက္ ၉၂ အထိ တိုင္းျပည္တာဝန္ေတြ ထမ္းရြက္နိုင္ပါေစလို႔ ဆႏၵျပဳလိုက္ရပါတယ္ခင္ဗ်ာ။ ။

(ဒိန္းမတ္နိုင္ငံတြင္ ေႏြရာသီ၌ စုန္းမအ႐ုပ္အား ထင္းမ်ားစုပုံ၍ မီးရွို႔သည့္ေန႔ကို Sankthansaften ဟုေခၚသည္)

[Unicode]

လူထုချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၃) နှစ်မြောက်မွေးနေ့ကျင်းပတဲ့ပွဲမှာ စကားပြောခွင့်ရလို့ ဝမ်းသာပါတယ်။ ဒိန်းမတ်မှာတော့ နွေရာသီရောက်လာရင် အမေစုမွေးနေ့ကျင်းပတာရယ်၊ စုန်းမကြီး မီးရှို့တာရယ်ကို ဖြတ်သန်းပြီး အသက်တွေတနှစ်ကြီးသွားပြန်ပါပြီ။
ကျနော်တို့ အမိမြန်မာနိုင်ငံတော်ဟာ စစ်အာဏာရှင်မတိုင်ခင်က တပါတီအာဏာရှင်စနစ်ကို ဖြတ်သန်းခဲ့ရပါတယ်။ အဲဒီမှာ မှောင်ခိုခေတ်ဆိုတာရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံက လူသုံးကုန်ပစ္စည်းတွေဟာ မော်လမြိုင်မြို့ကို ဖြတ်သန်းပြီးတော့ အမြန်ရထားကြီးနဲ့ ရန်ကုန်ကို သယ်ယူကြတဲ့ခေတ်ပါ။ သထုံဘူတာမှာ ရှာဖွေရေးဆိုတာ အလွန်နာမည်ကြီးပါတယ်။ အဲဒီရှာဖွေရေးတွေက ဘူတာပလက်ဖောင်းမှာ မှောင်ခိုပိတ်စ ကိုယ်မှာပတ်လာတဲ့ အမယ်အိုတဦးကို ဖမ်းဆီးနေတာ၊ ပိတ်စအသိမ်းခံလိုက်ရတဲ့ အမယ်အိုကြီးဟာ မျက်ရည်တွေစီးကျ အော်ဟစ်ငိုယိုပြီးတော့ ဟိုသွားရမလို၊ ဒီသွားရမလိုနဲ့ ဖြစ်နေတာတွေဟာ ကျနော့်မျက်စိထဲက မထွက်သေးပါဘူး။ ရှစ်လေးလုံးအရေးအခင်းမတိုင်ခင်မှာလည်း ငွေစက္ကူတွေ တရားမဝင်ဘူးလို့ ကြေညာတာကို ခံကြရပါတယ်။ တိုင်းပြည်ကို အမျိုးမျိုး ဒုက္ခပေးခဲ့တဲ့ နေဝင်းအစိုးရဆင်းသွားပြီးတော့ ပြည်သူတွေရဲ့ လည်ပင်းကို စစ်ဖိနပ်နဲ့ တက်နင်းတဲ့ အစိုးရ တက်လာပြန်ပါတယ်။
အဲဒီအမှောင်ခေတ်မှာ ရှစ်လေးလုံးဆယ်နှစ်ပြည့်တော့ ရန်ကုန်မြို့ကို အလည်ဗီဇာနဲ့ ဝင်သွားတဲ့ အာဆီယံနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ သူတို့ ပြန်မယ့်နေ့မှာ ခွပ်ဒေါင်းပုံပါတဲ့ စာရွက်လေးတွေဝေပါတယ်။ ချက်ချင်းအဖမ်းခံရပြီးတော့ အင်းစိန်ထောင်ကို ရောက်သွားခဲ့ပါတယ်။ စစ်အစိုးရ မကြိုက်တာ လုပ်မိရင် သူတို့က မည်သူ့ကို မဆို ဖမ်းဆီးထောင်ချဖို့ ဝန်မလေးပါဘူး။ နိုင်ငံခြားသားတယောက် လေဆိပ်ကို ဝင်လာတာနဲ့ ထောက်လှမ်းရေးအပါအဝင် ဌာနလေးခုက စောင့်ကြည့်တာကို ခံရမှာပါ။ စောင့်ကြည့်နေတဲ့ကြားက ကိုရွှေတိုးရစ်က မြို့တော်ခန်းမရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ တီရှပ်ဝတ်ပြီး လမ်းလျှောက်ချင်လျှောက်တာက ရှိတတ်သေးတယ်။
အဲဒီလို ခေတ်ကနေ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် နိုင်ငံတော်တာဝန်တွေ ထမ်းဆောင်နေပြီဆိုပေမယ့်လည်း လည်ပင်းကို စစ်ဖိနပ်နဲ့ မနင်းတော့ပေမယ့် လက်ကိုတော့ လိမ်ထားတုံးပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ပေ့ါ။ ဒါကိုလည်း အမျှော်အမြင်ကြီးမားတဲ့ အမေစုရဲ့ ခေါင်းဆောင်မှုအောက်ကနေ ကျော်လွှားကြရမှာပါ။
ရှစ်လေးလုံးကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ထောင်ကလွတ်လာအပြီး ဒိန်းမတ်ကိုအလည်လာသွားတုံးက ဓမ္မရံသီမှာပဲ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ "ခင်ဗျားတို့ ဒီကို ရောက်နေတာ ထူးခြားဖြစ်စဉ်ဗျ" လို့ ပြောသွားဖူးပါတယ်။ ဒီမှာက ဘဝတွေက သက်တောင့်သက်သာနဲ့ လုံခြုံမှုရှိတာကို သူတွေ့သွားလို့ ပြောသွားတာပါ။ ဟုတ်ပါတယ်။ ဒိန်းမတ်ရောက်နေတဲ့ ကျနော်တို့တွေ ဒီနိုင်ငံမှာ အထိုက်အလျောက်တော့ ဘဝလုံခြုံမှု ရှိနေပါပြီ။
ဒါပေမယ့် ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ မမေ့ရမှာက အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရားပွင့်ခဲ့တာကိုပါ။ ဒါဟာလည်း လူသားတွေအတွက် အလွန်ထူးခြားတဲ့ ဖြစ်စဉ်ကြီး တစ်ခုပါပဲ။ မြတ်စွာဘုရားဟာ သတ္တဝါတွေကို ကယ်တင်ဖို့ လေးသင်္ချေနဲ့ ကမ္ဘာတသိန်း စွန့်လွှတ်အနစ်နာခံခဲ့ပါတယ်။ သူသနားလို့ ကယ်တင်ချင်တဲ့သူတွေထဲမှာ ကျနော်တို့လည်းပါနေတယ်ဆိုတာ သတိရကြပါလို့ အလေးအနက် ပြောလိုပါတယ်။ မြတ်စွာဘုရားရဲ့ တရားတော်တွေက ဒီတစ်ဘဝတင်မက သံသရာအတွက်ပါ လုံခြုံမှုကို ပေးပါတယ်။ ဒုက္ခခပ်သိမ်း ငြိမ်းစေဖို့ လမ်းစဉ်ပြသညွှန်ကြားပေးတဲ့ တရားတော်တွေနာဖို့ မပြောနဲ့ ဒုက္ခခပ်သိမ်း ငြိမ်းရမယ်ဆိုတဲ့ လမ်းစဉ်ကိုတောင် ဒီသာသနာနဲ့ လွဲသွားရင် ကြားဖူးဖို့ လွယ်တော့မှာ မဟုတ်ပါဘူး။ အခုဆိုရင် ဒိန်းမတ်မှာ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းအထိ ရှိလာတာကိုလည်း ဝမ်းသာပါတယ်။ ဗုဒ္ဓရံသီမှာ တရားထိုင်ကြတယ်၊ နွေရာသီ တရားစခန်းလည်း ကျင်းပမယ်ဆိုတာ သိရလို့ ကျေနပ်မိပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေ၊ သံဃာတော်တွေရှိတဲ့အတွက် ဒါန၊ သီလ၊ ဘာဝနာ၊ ဝိပဿနာနဲ့ မဂ်ကုသိုလ်တွေစုံအောင် ပြုလုပ်နိုင်ဖို့ အခွင့်အလမ်းတွေ ပေါ်နေပါပြီ။ ကျနော်တို့ဖက်က ကိုယ်ဘာကို တန်ဖိုးထားမလဲ၊ တန်ဖိုးထားတဲ့ အရာကို ဘယ်လိုရအောင်ယူမလဲဆိုတာကို သုံးသပ်ဖို့နဲ့ ဆုံးဖြတ်လုပ်ကိုင်ဖို့ပဲ လိုပါတော့တယ်။
လူထုခေါင်းဆောင် မွေးနေ့တွေကို နှစ်စဉ်မပျက်မကွက် ကျင်းပပေးနေတဲ့ ကိုမိုက်ကယ်နဲ့ မပိုတို့ ဇနီးမောင်နှံလည်း နောက်လာမယ့်နှစ်တွေမှာ ဝတ္တရားမပျက် ဆောင်ရွက်နိုင်ပါစေ။ အမေစုလည်း မလေးရှားက ဝန်ကြီးချုပ်အသစ်ပြန်အရွေးခံတဲ့ ဒေါက်တာမဟာသီယာမိုဟာမက်လို အသက် ၉၂ အထိ တိုင်းပြည်တာဝန်တွေ ထမ်းရွက်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျာ။ ။

(ဒိန်းမတ်နိုင်ငံတွင် နွေရာသီ၌ စုန်းမအရုပ်အား ထင်းများစုပုံ၍ မီးရှို့သည့်နေ့ကို Sankthansaften ဟုခေါ်သည်)

Thursday, April 12, 2018

U Thein Poe passed away....


ကိုသိန္းဖိုးနဲ႔ဆိုရင္ သထုံမွာတုံးကတည္းက အိမ္နီးခ်င္းဆိုေပမယ့္ သပိတ္ေမွာက္ေတာ့ စခန္းမတူၾကဘူး။ ေတာခိုေတာ့လည္း သူေရာက္သြားတာ
ေသေဘာဘိုး၊ ေနာက္ေတာ့ က်ေနာ္တို႔ မယ္တေရစခန္းကို ေရာက္လာခဲ့တယ္။ သူေထာင္ကလႊတ္လာေတာ့ သထုံမွာ ခဏဆုံၾကေသးတယ္။
က်ေနာ္မိသားစုနဲ႔ အေဝးမွာ ေရာက္ေနခ်ိန္ ခေလးေတြကိုေတြ႕ရင္ "နင္တို႔အေဖအခု ဘယ္ေရာက္ေနလဲ" လို႔ သူေမးတတ္တယ္။ က်ေနာ္တို႔ မိသားစု
ဥေရာပကို ေရာက္ၿပီးမွ အေမရိကေရာက္ေနတဲ့ သူနဲ႔ အဆက္အသြယ္ရလို႔ ဖုန္းေျပာၾကေတာ့ "သက္ဦးရာ၊ ငါအေမရိကမွာ မေပ်ာ္ဘူးကြာ" လို႔ ေျပာတတ္သူႀကီး ခုေတာ့ ျမန္မာျပည္မွာ ေခါင္းခ်သြားပါၿပီ။
အသက္ (၇၀) မွာဆုံးသြားတဲ့ နိုင္ငံေရးအက်ဥ္းသားေဟာင္း၊ ABSDF ရဲေဘာ္ေဟာင္းႀကီးေရ ...
က်ေနာ္ေသရင္လည္း "ဦးသက္ဦး ၊ အသက္ ( ) ၊ အိုင္တီစီ (ဆင္တဲ) ၁/၇၉ ၊ နိုင္ငံေရးအက်ဥ္းသားေဟာင္း၊ အေထြေထြသပိတ္ေကာ္မီတီ
(သထုံၿမိဳ႕) လို႔ စာတမ္းေရးဖို႔ သားသမီးေတြကို မွာခဲ့မယ့္အေၾကာင္းေျပာရင္း ႏႈတ္ဆက္လိုက္ပါတယ္။ ေကာင္းရာမြန္ရာ ေရာက္ပါေစဗ်ာ...။


Unicode

ကိုသိန်းဖိုးနဲ့ဆိုရင် သထုံမှာတုံးကတည်းက အိမ်နီးချင်းဆိုပေမယ့် သပိတ်မှောက်တော့ စခန်းမတူကြဘူး။ တောခိုတော့လည်း သူရောက်သွားတာ
သေဘောဘိုး၊ နောက်တော့ ကျနော်တို့ မယ်တရေစခန်းကို ရောက်လာခဲ့တယ်။ သူထောင်ကလွှတ်လာတော့ သထုံမှာ ခဏဆုံကြသေးတယ်။
ကျနော်မိသားစုနဲ့ အဝေးမှာ ရောက်နေချိန် ခလေးတွေကိုတွေ့ရင် "နင်တို့အဖေအခု ဘယ်ရောက်နေလဲ" လို့ သူမေးတတ်တယ်။ ကျနော်တို့ မိသားစု
ဥရောပကို ရောက်ပြီးမှ အမေရိကရောက်နေတဲ့ သူနဲ့ အဆက်အသွယ်ရလို့ ဖုန်းပြောကြတော့ "သက်ဦးရာ၊ ငါအမေရိကမှာ မပျော်ဘူးကွာ" လို့ ပြောတတ်သူကြီး ခုတော့ မြန်မာပြည်မှာ ခေါင်းချသွားပါပြီ။
အသက် (၇၀) မှာဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ABSDF ရဲဘော်ဟောင်းကြီးရေ ...
ကျနော်သေရင်လည်း "ဦးသက်ဦး ၊ အသက် ( ) ၊ အိုင်တီစီ (ဆင်တဲ) ၁/၇၉ ၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ အထွေထွေသပိတ်ကော်မီတီ
(သထုံမြို့) လို့ စာတမ်းရေးဖို့ သားသမီးတွေကို မှာခဲ့မယ့်အကြောင်းပြောရင်း နှုတ်ဆက်လိုက်ပါတယ်။ ကောင်းရာမွန်ရာ ရောက်ပါစေဗျာ...။