Saturday, June 14, 2008

အောင်ဝတ္ထု

လူ့ဘ၀တွင် ကိုယ့်အားကိုယ်ကိုး ရိုးသားကြိုးစား အောင်မြင်သွားကြသူတို့အကြောင်းကို အင်္ဂလိပ်လို success story မြန်မာလိုတော့ “အောင်ဝတ္ထု” ဟု ဆရာမြသန်းတင့်က မြန်မာမှုပြုပါသည်။

ယခုလည်း ဒိန်းမတ်ရောက်မြန်မာနိုင်ငံမှ ဒုက္ခသည်မိသားစု တစု၏ အောင်မြင်မှုအကြောင်းကို ဇွန်လ ကိုးရက်နေ့ထုတ် JydskeVestkysten သတင်းစာတွင် ဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။

မြန်မာနိုင်ငံမှ ချင်းတိုင်းရင်းသား ဇအောက်ထန်း (Za Uk Thang) နှင့် မိသားစု ဒိန်းမတ်နိုင်ငံသို့ ၂၀၀၃ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့ တွင် ရောက်ရှိလာပါသည်။ ဒိန်းမတ်ရောက်ပြီး ၂ နှစ်အတွင်း သူတို့မိသားစု ဒိန်းမတ်စာနှင့် စကားကို သင်ကြားကြသည်။ နောက်တော့ ဇအောက်ထန်း Danish Crown ကုမ္ပဏီ၌ အလုပ်ရသည်။ ဒိန်းမတ်စာသင်တန်းများပြီးဆုံးသွားတော့ ယာဉ်မောင်းလိုင်စင် ၀င်ဖြေကာ ကားဝယ်သည်။ ယမန်နှစ်က သူ့ဇနီးလည်း သူ့နှင့်အတူ အလုပ်ရပြီးနောက် ယခုတော့ သူတို့နေထိုင်ရာ Esbjerg မြို့တွင် ကိုယ်ပိုင်အိမ်ဝယ်လိုက်ပြီဖြစ်သည်။

“အလုပ်ကြိုးစားတာက ကျနော်တို့ ဒိန်းမတ်ကိုမလာခင်ကတည်းက ကျင့်သားရပြီးသားပါ” ဟု မကြာခင် ပြောင်းရွှေ့နေထိုင်တော့မည်အိမ်ကို ဆေးလာသုတ်နေသည့် ဇအောက်ထန်းက သတင်းထောက်ကို ပြောပြသည်။

မှတ်ချက် - သင်ကိုယ်တိုင်သော်လည်းကောင်း သင့်ပတ်ဝန်းကျင်၌သော်လည်းကောင်း “အောင်ဝတ္ထု” များ ရှိပါက သတင်းစာတိုက်သို့ ဆက်သွယ်ပြောနိုင်ရန် အီးမေးလ် လိပ်စာမှာ success@jv.dk ဖြစ်ပါသည်။

1 comment:

မေငြိမ်း said...

ကျမကတော့ မြန်မာနိုင်ငံကလူတွေကို ကျရာနေရာမှာ အဲလို အောင်မြင်အောင် နေနိုင်စေချင်တာပါပဲ။ ဒါကပဲ ဂုဏ်ရည်လို့ထင်တယ်။ ဘ၀ပေးအရ ကိုယ့်တိုင်းပြည်မှာ နေခွင့်မရလည်း ကိုယ့်ဖြစ်တည်မှုကို ရောက်ရာနေရာမှာ အဲလို အောင်မြင်အောင် ကြိုးစားသင့်တယ်လို့ ထင်တယ်။ ဒီသတင်းပို့စ်လေးအတွက် ကျေးဇူးပါ။