`ရမ်ဘိုရုပ်ရှင်သည် မြန်မာစစ်အစိုးရအတွက် နိုင်ငံရေး ထိုးနှက်ချက်´ ခေါင်းစဉ်ဖြင့် စင်္ကာပူတွင် မြန်မာ ၆၀၀ ကျော် ရုပ်ရှင်တရုံလုံးအပြတ်ငှားကာ ရမ်ဘိုရုပ်ရှင်အား ကြည့်ရှုအားပေးကြသည့် အကြောင်း ဒိန်းမတ်နိုင်ငံမှ ဖေဖော်ဝါရီ ၅ ရက်နေ့ထုတ် Metro Xpress သတင်းစာတွင် ဖော်ပြထားသည်ကို တွေ့ရပါသည်။
ရုပ်ရှင်ထဲက ရမ်ဘိုကဲ့သို့ မြန်မာနိုင်ငံကို ကယ်တင်ပေးမည့် သူရဲကောင်းကို မြန်မာတို့ အလိုရှိနေကြောင်း.. စက်တင်ဘာအရေးအခင်းအား ရက်စက်စွာ ဖြိုခွင်းခဲ့သည့် စစ်တပ်အား ပြန်လည် လက်စားချေသည့် ရမ်ဘို၏ ဆောင်ရွက်ချက်တို့ကြောင့် မြန်မာတို့ အားတက်ကြရကြောင်း.. ရုပ်ရှင်ပြသနေစဉ်အတွင်း မြန်မာစစ်သားများကို ရမ်ဘိုက ပြန်လည်သတ်ဖြတ်သည့် အခန်းတွင် တရုံလုံး အော်ဟစ်အားပေးကြကြောင်း စသည်ဖြင့် ရေးသား ထားပါသည်။
1 comment:
ဥေ၇ာပမှာ ဘာ့ကြောင့် ရုံမတင်သေးတာလဲ။ ဘာဖြစ်လို့ပါလိမ့် ကျွန်တော်စောင့်နေတာ လည်ပင်း ရှည်တော့မယ်
Post a Comment