Sunday, May 18, 2008

ပြည်သူကို ဂရုမစိုက်သော စစ်အစိုးရ

မြန်မာပြည်ကိုအုပ်ချုပ်နေသော တပ်မတော်အစိုးရသည် မိမိအာဏာတည်မြဲရေးကိုသာ အဓိကထား၍ ပြည်သူကို ကာကွယ်စောင့်ရှောက်ခြင်းမရှိဟု ဒိန်းမတ်ရောက် ကိုမြင့်ဝေက 24timer.dk သတင်းစာကို ပြောကြားလိုက်သည်။

မြန်မာပြည်မုန်တိုင်းသတင်းကြောင့် မိမိအနေဖြင့် ဖခင်နှင့်အကိုများအတွက် စိတ်ပူနေရပါသည်။ ဖုန်းအဆက်အသွယ်များလည်း ပြတ်တောက်နေပါသည်။ ၂၀၀၅ ခုနှစ် မိခင်ကွယ်လွန်စဉ်ကလည်း ဒိန်းမတ်ရောက် နိုင်ငံရေး ဒုက္ခသည် တဦးအနေဖြင့် မြန်မာပြည်ပြန်ခွင့် မရှိခဲ့ပါ။ မုန်တိုင်းဒဏ်ခံစားနေရသော ပြည်သူများအတွက်လည်း မိမိအနေနှင့် ရင်နှင့်အမျှခံစားနေရပါသည်ဟု ကိုမြင့်ဝေက ဆက်လက်ပြောကြားသည်။

William Aung (ခေါ်) ကိုမြင့်ဝေနှင့် ဇနီးဖြစ်သူ မခင်မိုးမိုးတို့သည် NLD ပါတီဝင်များဖြစ်ကြသည်။

No comments: