တကယ်တော့ ဆီပုံးလုပ်ရတာ သိပ်မလွယ်ပါဘူး။ ဆီက အပေါက်ရှာပြီး ယိုတတ်တဲ့သဘောရှိတော့ သူ့ကို ဆီလုံရေလုံ လုပ်ပေးရပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ဆီပုံးအလုံးလေးဆယ်လုပ်ဖို့ အော်ဒါကျလာပါတယ်။ သောကြာနေ့အထိ တပတ်လုံးလုပ်တာတောင် အလုံးသုံးဆယ် မပြီးတတ်သေးပါဘူး။ ဆီပုံးအလုံးလေးဆယ်စာ ဖြတ်တောက်ပြီးသား သံပြားတွေကို တခုချင်း ကောက်ဆင်၊ ဂဟေတို့၊ တခြားတတ်စရာ ပစ္စည်းတွေတတ် အားလုံးအိုကေပြီးဆိုမှ ဂဟေအပြီးဆော်ပါတယ်။ ပြီးမှ ဆော်ထားတဲ့ ဂဟေသားကို ယိုစိမ့်နိုင်မယ့်နေရာ ရှိမရှိရှာ၊ တွေ့ရင် အဲဒီနေရာကို ဂဟေနဲ့ ထပ်ပိတ်ရပါတယ်။ အားလုံးပြီးပြီဆိုရင် ဆေးမှုတ်ဌာနကို ပို့လို့ရပါပြီ။
ဆီပုံးလုပ်နေရင်း ဘလော့တွေက ဆီပုံးတွေအကြောင်းလည်း စဉ်းစားနေမိပါသေးတယ်။ ဘလော့ဆိုတာ ကလည်း ရပ်ကွက်ကြီးတခု ဖြစ်လေတော့ ထုံးစံအတိုင်း လူကောင်းသူကောင်းတွေ ရှိသလို လူဆိုးလူမိုက် တွေလည်း ရှိမှာပါပဲ။ လူ့သဘာဝကိုက ရှုပ်ထွေးတဲ့သဘောရှိတယ်မို့လား။ ဆီပုံးတွေမှာ ပေါက်ကရ လျှောက်ရေးတာ ခံရရုံနဲ့ ဘလော့လောကကိုတော့ စွန်ခွာသွားစရာ အကြောင်းမရှိဘူးလို့ထင်ပါတယ်။ လူကောင်းတွေကို တမျိုးဆက်ဆံ လူဆိုးတွေကိုတော့ တမျိုး ဆက်ဆံနိုင်ကြမယ်လို့ မျှော်လင့်မိပါကြောင်း ။ ။
ဆီပုံးတွေ လုပ်နေတဲ့ ဘလော့ဂါတဦး၏ လုပ်ငန်းခွင်
No comments:
Post a Comment